မုဆိုးလား သားကောင်လား

“ ဟာ…. အစ်ကိုကြီးက ကျမရဲ့ ကျေးဇူးရှင်ပါ…..။ ဟိုလူဆိုးကြီးတွေက ကျမကို မတရားကျင့်ကြပြီးရင်လည်း အရှင်ထားချင်မှထားမှာ..။ နှုတ်ပိတ်တဲ့အနေနဲ့ တခါထဲ အပျောက်ရှင်းပစ်ကြမှာ…။ ကျမနဲ့ ပတ်သက်ပြီး အစ်ကိုကြီးကို ဘာမှ မထိခိုက်စေရပါဘူးရှင် ..။ ကျမကိုလည်း လခ ဘယ်လောက်ရယ်လို့ မဟုတ်ပါဘူး….။ အစ်ကိုကြီး ပေးချင်သလောက်ဘဲ ပေးပါ….။ နေစရာ.. စားစရာလေး ရရင် ကျေနပ်ပါတယ်…”

“ အေးလေ…ကောင်းပြီလေ…ငါနဲ့လိုက်ခဲ့…..”

ထွေးထွေးရီ ဆိုတဲ့ ကောင်မလေးကို သူ့အိမ်ကို ခေါ်သွားလိုက်သည် ။ တစ်ကိုယ်တည်းသမား တစ်ယောက်ရဲ့ အိမ်က ရှင်းလင်းဆေးကြောမယ့် လူတစ်ယောက်တော့ လိုအပ်နေသည် ။

ကျော်စိန်ဘ အနံ့အသက်တွေကြောင့် အိပ်မောကျနေရာက နိုးလာသည် ။ ဟွန်း….. ကြော်လှော်တဲ့ အနံ့တွေ …။ အောက်ထပ်က မီးဖိုခန်းက လာတာ…။ ညက ခေါ်လာတဲ့ ထွေးထွေးရီတစ်ယောက် ချက်ပြုတ်နေတာဖြစ်မယ် ။ ညက သူ့ကို မီးဖိုသုံးနည်းတွေ ပြပေးခဲ့တာ ။ မနက်စောစော ဘရိတ်ဖတ်စ်အတွက် ကြော်လှော်နေပြီနဲ့ တူတယ် ။

အင်း… ဆတ်မရဘဲ ဆတ်ပေါက်လေးဘဲ ရလာတယ်…. လို့ ကျော်စိန်ဘ ပြုံးပြုံးကြီး တွေးလိုက်ပြီး အိပ်ရာက ထလိုက်သည် ။ ထွေးထွေးရီရဲ့ ပေါင်တန်ဖွေးဖွေးလှလှတွေနဲ့ နို့အုံသားကြီးတွေကို မြင်ယောင်မိသွားသည် ။ ရေချိုးခန်းဆီကို လျှောက်သွားလိုက်တဲ့အချိန် သူ့ပေါင်နှစ်ဖက်ကြားက အမွှေးမဲမဲတွေထဲက ထိုးထွက်နေတဲ့ လိင်တန်ချောင်း ငေါငေါကြီးက မနက်အိပ်ရာထခါစ ဖြစ်လေ့ရှိတဲ့အတိုင်း မာကြောတင်းထောင်လို့နေသည် ။

သွားတိုက်ရင်း ရေပန်းကို ဖွင့်လိုက်သည် ။ မနေ့ညက ထွေးထွေးရီကို အိမ်ခေါ်လာပြီး တစ်သက်လုံး တစ်ယောက်ထဲ နေလာတဲ့ ဖီလင်မျိုး မဟုတ်တော့တာ သိသိသာသာ ခံစားရသည် ။ လူတစ်ယောက် အိမ်မှာရှိနေတယ် ဆိုတဲ့ အသိရယ် ဒီလူက ကိုယ့်လို ယောကျ်ားသား တစ်ယောက် မဟုတ်ဘဲ မိန်းမတစ်ယောက် ဖြစ်နေတယ် ဆိုတာက ထူးခြားနေသည် ။ မိန်းမသားမှာမှ မီးယပ်ပိန် မီးယပ်ခြောက်လည်း မဟုတ်၊ အရုပ်ဆိုးဆိုးလည်း မဟုတ်၊ ဖြူဖွေးပြီး အချိုးကျ တောင့်တင်းတဲ့ အသက်ဆယ့်ကိုး နှစ်ဆယ်လောက်ဘဲ ရှိသေးတဲ့ မိန်းကလေး ။

ရေချိုးနေတုန်း ထွေးထွေးရီရဲ့ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကို ပြန်လည်မြင်ယောင်မိလိုက်တာကြောင့် သူ့ရဲ့ မာတင်းထွားနေတဲ့ လိင်တန်ရှည်ကြီးကို ပွတ်တိုက်မိသွားရသည် ။ အင်း.. တစ်အိမ်ထဲ နေကြပြီဆိုတော့ ဒီအကွေ့အကောက် အစွင့်အကားတွေကို လျစ်လျူရှုထားပြီး နေနိုင်မှာ မဟုတ်ဘူး ။ ကြိုးချင်းထား ကြိုးချင်းညိ အိုးချင်းထား အိုးချင်းထိ ကြမည်မှ မလွဲမသွေဘဲ လို့ သူတွေးမိလိုက်တော့ သူ့မျက်နှာကြီး ပြုံးသွားသည် ။

ရေချိုးအပြီး မွေးပွတဘက်ကြီးနဲ့ အရင်ဦးဆုံး ခေါင်းက ဆံပင်တွေကို သုတ်သည် ။ ပြီးတော့ တကိုယ်လုံး အနှံ့သုတ်သည် ။ တဘက်ကြီးကို ခါးမှာပတ်ပြီး ရေချိုးခန်းထဲက ထွက်လာတဲ့အချိန် သူ့အိပ်ခန်းဝမှာ ရပ်နေတဲ့ ထွေးထွေးရီကို တွေ့လိုက်ရသည် ။

“ အစ်ကိုကြီး…. စားစရာ အဆင်သင့် ဖြစ်ပါပြီ…။ အပေါ်ကို ယူခဲ့ရမလား.. အောက်ထပ်က ထမင်းစား တဲ့ စားပွဲမှာ လာစားမလား….”

ကိုယ်လေးရို့ပြီး ပြောလိုက်တဲ့ ထွေးထွေးရီကို ကြည့်လိုက်မိသည် ။

“ အေး.. ငါ အောက်ကို လာစားမယ်….”

လို့ ဖြေလိုက်သည် ။ ထွေးထွေးရီရဲ့ မျက်လုံးတွေက အခုတိုင် တဘက်အောက်က ငေါထွက်နေတဲ့ သူ့လိင်တန်ရှည်ထွားထွား ရှိတဲ့နေရာကို ငေးစိုက်ကြည့်နေတယ်ဆိုတာ သူ သိလိုက်သည် ။

“ ဟုတ်…ဟုတ်..အစ်ကိုကြီး….”

ထွေးထွေးရီ ပြန်ထွက်သွားပြီးတဲ့နောက် သူ အဝတ်လဲသည် ။ နာရီကို ကြည့်လိုက်တော့ အလုပ်သွားဖို့ အချိန်တန်နေပြီဆိုတာ တွေ့လိုက်ရသည် ။ အလုပ်သွားတဲ့ အဝတ်အစားတွေကို တစ်ခါထဲ ဝတ်လိုက်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်သည် ။

ထွေးထွေးရီသည် ထမင်းစား စားပွဲမှာ ကြက်ဥနဲ့ မွှေကြော်ထားတဲ့ ထမင်းကြော်..ဝက်အူချောင်းကြော်
နဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီတစ်ခွက် ကို ပြင်ဆင်ထားသည် ။

“ ထွေးထွေးရီ …”

“ ရှင် ….”

“ မင်းကော စားလေ . . ”

“ ဟို..ဟို…နောက်…. နောက်မှ…. စားမယ် အစ်ကိုကြီး…..”

“ အာ..မဟုတ်တာ…လာ… လာ… လာထိုင်စား……. လာခဲ့…….”

“ ဟုတ် . . . ”

ထွေးထွေးရီ ပြင်ဆင်ထားပေးတာတွေကို စားသောက်ရင်း သဘောကျသွားပြီး….

“ ထွေးထွေးရီ…. မင်းလေးက တောရွာမှာနေတယ် ဆိုပေမယ့် ကြော်လှော်တာတွေက မြို့ဆန်နေတယ်…။ ကောင်းတယ်…. စားလို့..။ မင်း.. ဒါတွေ ဘယ်လိုလုပ်တတ်နေလဲ….”

“ ကျမတို့ရွာကို လာနေကြ သစ်တောဌာနက ဝန်ထောက် မိသားစုတွေကို လုပ်ကိုင်ပေးရလို့ လုပ်တတ်နေတာပါ အစ်ကိုကြီး …”

“ အော်..ဒီလိုလား …။ အင်း…. ဒီနေ့ညနေ ငါ ပြန်လာရင် မင်းအတွက် အဝတ်အစားတွေ ဝယ်လာခဲ့ပေးမယ် … ထွေးထွေးရီ…..”

“ ဟုတ်..ကျေးဇူးပါ အစ်ကိုကြီး ….”

ကျော်စိန်ဘသည် လက်မှတ်ထိုးရမယ့် စာရွက်စာတမ်းကို ရင်မှာပိုက်ပြီး သူဖုန်းပြောတာ ပြီးအောင်စောင့်နေတဲ့ ရုံးဝန်ထမ်း ကောင်မလေးကို အကဲခတ်နေသည် ။ ဖြူဖြူသွယ်သွယ်လေး ။ ရင်သားတွေကိုတော့ စာရွက်တွေကွယ်နေလို့ မတွေ့ရ ။ တစ်ဖက်က သူနဲ့ ဖုန်းပြောနေတာက ဌာနတစ်ခုရဲ့ အကြီးအကဲတစ်ယောက်မို့ ဖြတ်လို့ မရသေး။ ကောင်မလေးရဲ့ ဘယ်ဘက်ရင်ဘတ် အပေါ်နားက နာမည် ရင်ထိုးလေးကတော့ မြင်နေရသည် ။ ရွှန်းရတီမွန်း…… တဲ့ ။

ကျော်စိန်ဘသည် မိန်းမတွေကို ကြည့်တဲ့နေရာမှာ မျက်စိက သိပ်လျင်သည် ။ ခြုံငုံသုံးသပ်တာ မြန်သည် ။ မိန်းမတွေကလည်း သူ့အကြည့်ကို သိသည် ။ သဘောပေါက်သည် ။ အထာပေါက်သည် ။ သူ့မျက်လုံးပြူးကြီးတွေက သိသာသည် ။ ရမက်ပြင်းတဲ့ မျက်လုံးတွေမှန်း မိန်းမတွေက သိသည် ။
ဒီဘဲကြီး ငါ့ကို ဘူးနေပြီ…. စားချင်ဝါးချင်နေပြီ လို့ သိကြသည် ။

ကျော်စိန်ဘသည် ဖုန်းပြောတာ ပြီးတာနဲ့ ရပ်စောင့်နေတဲ့ ရွှန်းရတီမွန်း ဆိုတဲ့ ကောင်မလေးကို မော့ကြည့်သည် ။

“ ဆရာ.. ဆရာလက်မှတ်ထိုးဖို့ စာရွက်စာတမ်းတွေပါ …”

“ အေး..အေး..ထားခဲ့မလား..စောင့်ယူမလား . . ”

“ ထားခဲ့ပါမယ်..ဆရာ..။ နောက်မှ သမီး ပြန်လာယူပါမယ် . . ”

ရွှန်းရတီမွန်း အခန်းထဲက ပြန်ထွက်သွားတဲ့အချိန် တင်ပါးဝိုင်းဝိုင်းလေးတွေ လှုပ်သွားတာတွေကို မျက်တောင်မခတ်တမ်း ငေးမောမိနေသည် ။ သိပ်မကြီးပေမယ့် တော်တော် ကြည့်ကောင်းတဲ့ တင်ပါးတွေ ။ ဟင်းကနဲ သက်ပြင်းချပြီး လက်မှတ်ထိုးရမယ့် စာရွက်စာတန်းတွေကို ကောက်ယူလိုက်သည် ။ ရွှန်းရတီမွန်းရဲ့ တင်ပါးတွေကြောင့် သူ့စိတ်ရိုင်းတွေ တော်တော်လေး သောင်းကျန်းထကြွသွားသည် ။

ဒီကောင်မလေးသည် လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူနဲ့ ဖြစ်ခဲ့တဲ့ ခင်နှင်းဆီ ဆိုတဲ့ ကောင်မလေးနဲ့ တော်တော်လေး ရုပ်ဆင်သည် ။ ခင်နှင်းဆီသည် ဆင်းရဲသည် ။ တောက တက်လာပြီး ရန်ကုန်မြို့ ဆင်ခြေဖုံး ရပ်ကွက်တစ်ခုက မုန့်ဟင်းခါးရောင်းတဲ့ အဒေါ်နဲ့ လာနေပြီး အလုပ် ဝိုင်းကူလုပ်တဲ့ ကောင်မလေး ။ သူက သူငယ်ချင်းတစ်ယောက်ဆီကို သွားရင်း မုန့်ဟင်းခါးဆိုင်လေးက သန့်ပြန့်ပြီး စားတဲ့လူတွေ အုံနေတာနဲ့ ကောင်းလို့ ဖြစ်မှာဘဲ ဆိုပြီး ဝင်စားရင်း ခင်နှင်းဆီကို တွေ့သွားတာ ။

ခင်နှင်းဆီက တဖျစ်တောက်တောက်နဲ့ တချိန်လုံး ပြောဆိုရေရွတ်နေတဲ့ အဒေါ် ခိုင်းသမျှကို လုပ်ပေးနေသည် ။ တောသူပေမယ့် အသားလေးက ဖွေးနုနေသည် ။ ကိုယ်နေဟန်လေးက ကျော့ကျော့ရှင်းရှင်းလေး ။

ကျော်စိန်ဘ မြင်မြင်ခြင်း ကြိုက်သွားသည် ။ တွေ့တွေ့ခြင်း ချစ်မိသွားသည် ။ ခင်နှင်းဆီကို တွေ့သွားပြီးတဲ့နောက် နေ့တစ်နေ့ရဲ့ အချိန်တွေ တော်တော်များများမှာ ခင်နှင်းဆီလေးကို သတိရ မြင်ယောင်နေမိလို့ ငါ တကယ်စွဲလမ်း ချစ်သွားမိပါပြီလား လို့ သိလိုက်ပြီး နောက်တစ်နေ့ မနက်စောစောမှာ ခင်နှင်းဆီတို့ မုန့်ဟင်းခါးဆိုင်ဆီကို သူ ပြန်ရောက်သွားသည် ။

ဒီနေ့မနက်လည်း မနေ့ကလိုဘဲ ခင်နှင်းဆီရဲ့ အဒေါ်က အော်ငေါက် အပြစ်တင်နေသည် ။

“ခင်နှင်းဆီရေ…. နှေးမနေနဲ့ လုပ်စရာရှိ မြန်မြန်လုပ်စမ်း….. ပြောနေရတယ်.. တစ်ချိန်လုံး….. အမလေး.. မယ်မင်းကြီးမရဲ့..”

လို့ ပြောဆိုနေတာကြောင့်လည်း စတွေ့ကထဲက သူကလေးရဲ့ နာမည်ဟာ ခင်နှင်းဆီ ဆိုတာ သိခဲ့ရသည် ။ ခင်နှင်းဆီကို ကျွန်တစ်ယောက်လို အော်ငေါက် ခိုင်းစေနေတဲ့ အဒေါ်ဖြစ်တဲ့သူကိုလည်း စိတ်ထဲမှာ မုန်းတီးနေမိခဲ့သည် ။ ဒီလို ချောချောလှလှလေးသည် ဒီလို နေရာနဲ့ မတန်ဘူးလို့လည်း တွေးလိုက်မိသည် ။ ခင်နှင်းဆီကို ငေးပြီးကြည့်နေလိုက်တာ အတွေးတွေ လွန်သွားသည် ။ သူ့အဒေါ်ကြီးက

“ ဒီက ဆရာ.. ဘာလိုလဲဟင်… နောက်တစ်ပွဲ ထပ်ပြင်ပေးရမလား…”

လို့ မေးလိုက်တဲ့အခါ သူ သတိဝင်လာသည် ။

“ ဟုတ်တယ်… နောက်တစ်ပွဲ… အကြော်နဲ့ တစ်ပွဲ….”

လို့ အမြန်ဖြေလိုက်သည် ။

“ ဘာအကြော် ထည့်ပေးရမလဲ…”

လို့ မေးပြန်တော့..

“ ဘူးသီး..ငါးဖယ်…”

လို့ သူဖြေလိုက်သည် ။ ဆောင့်ကြောင့်ထိုင်ပြီး ပန်းကန်တွေ ဆေးနေတဲ့ ခင်နှင်းဆီရဲ့ ဘေးတိုက် အနေအထား မြင်ကွင်းလေးမှာ အချိုးပြေပြေ လှနေပြီး ပေါင်တန်လှလှတွေကို မြင်နေရသည် ။ နွမ်းပါးတဲ့ ဒီအချောအလှလေးကို စေတနာဘလပွနဲ့ ငွေတွေ ရင်းပေးပြီး ဒီဘဝထဲက ဆွဲထုတ်ပေးနိုင်မယ် ဆိုရင် သူကလေးကလည်း စေတနာရှင် အစ်ကိုကြီး သူ့ကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ အင်မတန်မှ အချိုးပြေပြေ ကျော့ရှင်းဝင်းပနေတဲ့ သူမကိုယ် အလန်းစားလေးကို သူ့ကို ပြန်ကျွေးမှာ သေချာတယ်လို့ သူ့ဖာသာတွေး သူ့ဖာသာ အကြိုက်တွေ့နေသည် ။

ခင်နှင်းဆီကို တွေ့ချင်လို့ မနက်တိုင်း သူနေတဲ့နေရာနဲ့ ဝေးတဲ့ ဒီရပ်ကွက်ကို သူ လာရသည် ။ သူတို့ဆိုင်က မုန့်ဟင်းခါးကို မနက်တိုင်း သူ လာစားတော့ ခင်နှင်းဆီရော သူ့အဒေါ်ရော သူ့ကို သတိထားမိလာကြသည် ။ မှတ်မိလာသည် ။ သူစားနေကြ အကြော်တွေကိုလည်း သူတို့ မှတ်မိသည် ။ စားနေကြ ဖောက်သည် ဖြစ်လာလို့ ဟင်းရည်ကို မတောင်းဘဲ အဆစ်ထည့်ပေးတာတို့ လုပ်လာကြသည် ။

တစ်နေ့မှာတော့ သူ တအား ပျော်သွားခဲ့သည် ။ အော်ငေါက် ပါဝါပြတဲ့ အဒေါ်ကို မတွေ့တော့လို့ ။

“ ညီမ….”

“ ရှင် . . .”

“ တစ်ယောက်ထဲလား…”

“ ရှင်…”

ခင်နှင်းဆီ မော့ကြည့်သည် ။

“ အော်.. ညီမအဒေါ် မလာဘူးလား..”

“ ဟုတ်တယ်…အဒေါ် နေမကောင်းဘူးရှင့် . . ”

ခင်နှင်းဆီလေးသည် တစ်ယောက်ထဲမို့ လက်မလည်ဘူး ဖြစ်နေသည် ။ ခဏကြာတော့ ကလေးမလေးတစ်ယောက် ရောက်လာပြီး ကူသည် ။

“ ဒါ ညီမရဲ့ ညီမလေးလား. . ”

လို့ သူ စပ်စုလိုက်သည် ။

“ မဟုတ်ဘူး… သူက အိမ်ဘေးကပ်ရက်က ကလေး… သိပ် ကူညီတတ်တယ် . . . ”

“ အော် . . ”

စားတဲ့လူတွေ အများကြီးက ခင်နှင်းဆီကို အကြောင်းရှာပြီး စကားပြောနေတဲ့ သူ့ကို “ မင်းရဲ့အကြံ ဒို့သိပါတယ် ” ဆိုတဲ့ အကြည့်မျိုးတွေနဲ့ ကြည့်တာကို သူ ခံရသည် ။ ဒါပေမယ့် အခွင့်အရေး ရတုန်း သူကတော့ ပြောရမှာဘဲ ။ ဘယ်သူ ဘာထင်ထင် ။ မျက်နှာပြောင်တဲ့လူဟာ အစားကောင်း စားရတယ်ကွ..။ ဒီဟာလုပ်ရင် မရှက်နဲ့..။ ရဲရဲသာဝင်..။ ဘေးလူတွေကို ဘေးချိတ်ထားကွ.. လို့ စော်ဖန်ကျွမ်းတဲ့ ကိုရဲမြင့်ဆိုတဲ့ အစ်ကိုကြီးက သူ့ကို ပြောဖူးတာ သူ ဘယ်တော့မှ မမေ့ဘူး ။

သူ အဝင်ရဲတော့ ခင်နှင်းဆီ ဆိုင်သိမ်းအပြီး နောက်နေ့အတွက် ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ ဈေးသွားမယ့် အချိန်ကို သူ သိရသည် ။ အကြံသမားမို့ ခင်နှင်းဆီ အိမ်က ထွက်မယ့်အချိန်မှာ သူ ကားနဲ့ လမ်းထိပ်က လာစောင့်နေလိုက်သည် ။ ခင်နှင်းဆီကို ခရီးသွားဟန်လွှဲ တွေ့တဲ့ ပုံစံမျိုးနဲ့ ဈေးကို လမ်းကြုံ လိုက်ခဲ့ပါလား လို့ သူ ခေါ်သည် ။ ခင်နှင်းဆီက မလိုက်ဘူး ။ သူက အတင်းခေါ်သည် ။ လာစားနေကြ ဖောက်သည် ဖြစ်လို့ အခင်မင် မပျက်ချင်တာကြောင့်လား မသိ ။ ခင်နှင်းဆီ သူနဲ့ လိုက်လာသည် ။

သူ ဈေးကို ပို့ပေးသည် ။ အပြန်ကြ သူမဖာသာ တက်စီငှားပြန်ပါမယ်… လို့ ပြောလည်း မရ ။ သူ့ပစ္စည်းတွေ ဝိုင်းဆွဲ ဝိုင်းသယ်သလို အပြန်ကိုလည်း အိမ်နားအထိ လိုက်ပို့ပေးသည် ။ ဘာဘဲဖြစ်ဖြစ် ခင်နှင်းဆီနဲ့ ခင်မင်ခွင့်လေး သူ ရလိုက်သည် ။

“ ဆရာ…”

ရွှန်းရတီမွန်းရဲ့ အသံလေးကြောင့် သူ သတိဝင်လာသည် ။ ရွှန်းရတီမွန်းကို မော့ကြည့်သည် ။ အင်း… ခင်နှင်းဆီနဲ့ ရုပ်တော်တော်ဆင်သည် ။

“ အေး..ဒီမှာ အကုန် လက်မှတ်ထိုးပြီးပြီ …”

“ ဟုတ်…ဆရာ..ကျေးဇူး….”

ရိုရိုသေသေ လှမ်းယူလိုက်တဲ့ ရွှန်းရတီမွန်းရဲ့ ငုံ့လိုက်လို့ ဟသွားတဲ့ လည်ပင်းပေါက်ထဲက ရင်မို့မို့တွေရဲ့ အပေါ်ပိုင်းကို သူ ဖျတ်ကနဲ ကြည့်လိုက်သည် ။ ပစ္စည်းရှိ လူတန်းစားထဲကပါဘဲ ။

ခင်နှင်းဆီအကြောင်းကို ပြန်တွေးမိတော့ သူ့ကိုယ်သူ အပြစ်ရှိတဲ့ လူတစ်ယောက်လို သူ ခံစားလိုက်ရမိသည် ။ တတ်နိုင်ရင် ပြီးခဲ့တဲ့ အတိတ် အချိန်က အကြောင်းတွေကို သူ ပြန်မစဉ်းစားလိုဘူး ။ လတ်တလောလည်း သူ့ဗီဇနဲ့ ဝါသနာအရ နောက်ထပ် လုပ်မိပြန်ပြီ ။ ထွေးထွးရီဆိုတဲ့ တောပန်းဖြူလေး တစ်ပွင့်ကို တောကြီးမျက်မဲထဲကနေ ကယ်တင်လာမိပြန်သည် ။

ထွေးထွေးရီသည် ခင်နှင်းဆီ လိုမလှပေမယ့် ဖြူဖြူဝင်းဝင်းနဲ့ လုံးကြီးပေါက်လှလေး ။ ဆက်စီပိုဖြစ်သည် လို့ သူ ထင်သည် ။ ဟင်း… ဝတ္ထုစာအုပ်တွေထဲမှာ “ရေဆေးငါးကြီးသဖွယ် ” လို့ စာရေးသူတွေ တင်စား ရေးသားကြတဲ့ ဟာမျိုး . .။

အိမ်ကို ဖုန်းကောက်ဆက်လိုက်သည် ။ ထွေးထွေးရီသည် ရိုးမတောင်ခြေ ရွာလေးက ကောင်မလေးမို့ဖုန်းပြောတတ်ပါ့မလားလို့ သူတွေးမိတာ မှားနေသည် ။ ထွေးထွေးရီက ဖုန်းထူးသည် ။ ညနေကြရင် အဆင်သင့် စောင့်နေဖို့ ပြောလိုက်သည် ။

သူ့တီရှပ်တစ်ထည် ရှာဝတ်လိုက်ပြီး ဆိုင်ကို လိုက်ခဲ့ဖို့ ပြောလိုက်သည် ။ သူတစ်ယောက်ထဲနေတဲ့ အိမ်ကို မိန်းကလေး တစ်ယောက်ကို ခေါ်လာတာကို ဘေးကလူတွေ ဘယ်လို မြင်မလဲ.. ဘာပြောမလဲ ဆိုတာတွေကို သူ ဘာမှ ဂရုမစိုက်ဘူး ။ ဒါက ကျော်စိန်ဘရဲ့စတိုင် ။ ကျော်စိန်ဘရဲ့ အကျင့် ။

ကျော်စိန်ဘသည် လုပ်စရာတွေကို ပြီးပြတ်အောင် လုပ်နေသည် ။ ဒီလာမယ့် စနေ တနင်္ဂနွေနေ့တွေမှာ သူ တောလိုက်သွားမယ်လို့ ကြံစည်နေတဲ့အတွက် အလုပ်တွေကို အကြွေးမကျန်ရလေအောင် ဖြတ်နေတာ ဖြစ်သည် ။ တခါတလေ သူသည် သတ်မှတ်တဲ့ ရက်မှာ အလုပ် ပြန်မတက်နိုင်လို့ ခွင့်ယူလိုက်ရတာတွေ ဖြစ်တတ်လို့ပါ ။

ညနေ ငါးနာရီခွဲမှ ကျော်စိန်ဘ အလုပ်ကနေ ပြန်ဖြစ်သည် ။ ရုံးပေါ်က ဆင်းလာတဲ့အချိန် အိမ်ပြန်ဖို့ ဓါတ်လှေခါးရှိတဲ့ဖက်ကို လျှောက်အသွား ရိုးရိုးလှေခါးက ဆင်းဖို့ပြင်နေတဲ့ ရွှန်းရတီမွန်းနဲ့ တိုးသည် ။

“ ပြန်တော့မလား….ရွှန်းရတီ…..”

“ ဟုတ်….ဆရာ…….”

ရွှန်းရတီမွန်းက ကျော်စိန်ဘကို ပြုံးပြပြီး ဖြေလိုက်သည် ။

“ ဘယ်မှာနေလဲ…..”

“ ရန်ကင်းမှာပါ ..ဆရာ….”

“ အင်..ဟုတ်လား . . . . ကျနော် သွားမယ့်ဖက်ဘဲ … လမ်းကြုံတယ်….လိုက်ခဲ့ပါလား . . ”

“ နေ..နေပါစေ..ဆရာ……။ ရွှန်း…. ဘတ်စ်ကားနဲ့ဘဲ ပြန်ပါမယ်… ကျေးဇူး……”

ရွှန်းရတီမွန်း ခေါင်းလေးငုံ့ပြီး လှေခါးကနေ ဆင်းသွားသည် ။ ကျော်စိန်ဘ သူခေါ်တာကို ကောင်မလေး မလိုက်လို့ နည်းနည်း စိတ်ခုသွားသည် ။ ( ဟွန်း…စေတနာနဲ့ ခေါ်တာကို သဘောမပေါက်ဘူး . .။ ဒီအချိန် ကားက ကြပ်မှကြပ်….။ အဲကွန်းလေးနဲ့ ငြိမ့်ငြိမ့်လေး စီးရမှာကို မလိုက်ချင်ဘူး .. ခက်သေးတယ်….) လို့ စိတ်ထဲမှာ ပြောနေမိရင်း ဓါတ်လှေခါးက အဆင်းခလုပ်လေးကို ဖိနှိပ်လိုက်သည် ။

ဟင်း….. မြင့်စေချင်လို့ နတ်ပြည်တင်.. ဖင်အေးလို့ မနေချင်ဘူး ဆိုပြီး ခုန်ချချင်တဲ့ ဟာတွေ……။ ဓါတ်လှေခါးက တော်တော်နဲ့ မလာဘူး ။ အိမ်က ထွေးထွေးရီ အကြောင်းကို စဉ်းစားလိုက်မိသည် ။ တောင့်တင်းဆူဖြိုးတဲ့ ထွေးထွေးရီကို ဖြုတ်ရရင် အရမ်းကိုငြိမ့်မည် .. လို့ တောထဲမှာ တွေ့ခဲ့ဖူးတဲ့ အတွင်းသား ဝင်းဝင်းတွေကို ပြန်လည် မြင်ယောင်မိသည် ။ ပါးနပ်ဖို့တော့ လိုတယ် ။ အကိုင်အတွယ် တတ်ဖို့ပေါ့ ။ ကိုယ်ကလည်း လူလွတ် ..။ တွယ်ကပ်နေတာတို့.. မကျေနပ်လို့ သွားတိုင်တာတို့ မလုပ်ရအောင် အလိမ္မာသုံးပြီး ဖြုတ်ရမယ် ။

ကျော်စိန်ဘသည် မုဆိုးတစ်ယောက် ဖြစ်သလို ရက်စက်တတ်သူ သနား ကြင်နာစိတ် မရှိသူကြီး လို့ ဘေးပတ်ဝန်းကျင်က လူတွေက ပြောကြသည် ။ ဘာကြောင့်လဲဆိုတော့ သူသည် သားကောင်တွေကို ပစ်ခတ်သတ်ဖြတ်တဲ့ နေရာမှာ တခါတလေ တချို့သော သားကောင်လေးတွေကို သူ မစားပါ ။ စားဖို့ အတွက် သူ အမဲလိုက်တာ မဟုတ် ။ လှုပ်ရှားနေတဲ့ သက်ရှိ ပစ်မှတ်တွေကို ရအောင် ပစ်ခတ်နိုင်တာကို ဂုဏ်ယူဝင့်ကြွားချင်လို့ .. ဂိမ်းတစ်ခုအနေနဲ့ အမဲလိုက်တာ ဖြစ်သည် ။

လူသားပစ်မှတ် မိန်းကလေးတွေကိုတော့ သူသည် အမဲလိုက်သလို အပျော်တမ်း လုပ်ချင်လို့ လိုက်တတ်တာ မဟုတ် ။ လူသား ပစ်မှတ်တွေကိုတော့ သူသည် အလွတ်ပေးခဲ့တဲ့ အစဉ်အလာ မရှိ ။ ထွေးထွေးရီလို ဝင်းဝင်းဖြူဖြူ တောင့်တောင့်တင်းတင်း တစ်ယောက် အိမ်မှာ ရောက်နေရက်နဲ့ ရွှန်းရတီမွန်း လို ချောချောလေးကို တွေ့လိုက်ပြန်ရင်လည်း ဖန်ချင်သည် ။ ကြံချင်သည် ။

ဓါတ်လှေခါးထဲမှာဆုံတဲ့ အပေါ်ထပ် ငွေစာရင်းဌာနက ရုံးအုပ်မန်နေဂျာ အပျိုကြီး ဒေါ်ဆွေဆွေလှိုင်နဲ့ စကားပြောရင်း အောက်ထပ် ရုံးတံခါးပေါက်ကို ရောက်လာသည် ။ ဒီ ဒေါ်ဆွေဆွေလှိုင်သည် သူ့ကို အထာခင်းနေသည်လို့ ကျော်စိန်ဘ ထင်နေသည် ။ ဖန်လို့ရှိရင် စားရမည်လို့ သိနေသည် ။ သို့သော် ဒေါ်ဆွေဆွေလှိုင်ကို သူ မလုပ်သေး ။ ဒေါ်ဆွေဆွေလှိုင်သည် သူ့ကို ချကျွေးသလို အမိအရ ဖမ်းမယ့် မိန်းမလယ်သိန်းကြွယ် တစ်ယောက်လို့ သူ့စိတ်ထဲ ထင်နေသည် ။

ဒေါ်ဆွေဆွေလှိုင်က သူနဲ့ ပတ်သက်ချင်နေတာ သိသာသည် ။ သူက ကားနဲ့လိုက်ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်လေးက စားလို့ ကောင်းသည်လို့ ကြားတဲ့အကြောင်းကို သူ့ကို ပြောပြတာ… သူက အတူတူဆုံပြီး သွားစမ်းစားကြည့်ရအောင်လို့ ချိန်းနေသည် ။ ကျော်စိန်ဘ ဆိုတဲ့ကောင်ကလည်း လက်က ခပ်မြန်မြန် ။ လာမငြိနဲ့ ဆွဲစိလိုက်တဲ့ကောင် ။ အင်း.. အစားမတော် တစ်လုတ် ဆိုတဲ့ စကားကို သတိရပြီး ချင့်ချိန်နေဆဲ ။

ဒေါ်ဆွေဆွေလှိုင်ရဲ့ ခါးတုတ်တုတ်အောက်က တင်ပါး အိပဲ့ပဲ့ကြီးကို စိတ်နဲ့ ပစ်မှားရင်း ရုံးဘေး ကွပ်လပ်မှာ ရပ်ထားတဲ့ သူ့ကားဆီကို လျှောက်သွားသည် ။ နေ့စဉ် ကြုံတွေ့ရတဲ့ ကားပိတ်တာကို ကြုံရပြန်သည် ။ တရွေ့ရွေ့နဲ့ သွားနေတဲ့ ကားတန်းကြီးထဲ လိုက်ပါမျောရင်း နေပူပူအောက် ဘတ်စ်ကား စောင့်နေတဲ့ ရွှန်းရတီမွန်းကို တွေ့လိုက်ရသည် ။ ကားကို ဘတ်စ်ကား မှတ်တိုင်မှာ လူတွေ တပြုံကြီးနဲ့ အတူတူ ရပ်စောင့်နေတဲ့ ရွှန်းရတီမွန်း အရှေ့ကို ထိုးရပ်လိုက်မိသည် ။ မှန်ချတဲ့ ခလုပ်လေးကို ဖိနှိပ်လိုက်သည် ။

“ လာ..လာ..တက်….တက်…..”

လို့ ခေါ်လိုက်သည် ။ ဒီတခါတော့ လူတွေအများကြီးရဲ့ ရှေ့မှာမို့ လူတွေ ကြည့်နေတဲ့အတွက် မငြင်းတော့တာလား မသိ ။ ရွှန်းရတီမွန်း ကားပေါ်ကို တက်သည် ။ ကားကြပ်လို့ သိပ်မြန်မြန် မမောင်းနိုင်ပေမယ့် ရွှန်းရတီမွန်းအတွက် နေပူထဲ ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေရတာထက်စာရင် အဲကွန်းအေးအေးနဲ့ ကားထဲမှာ ထိုင်စီးနေရတာက ပို ကောင်းမှာပါလို့ သူတွေးမိသည် ။ သူကလေးသာ နေ့တိုင်း လိုက်မယ်ဆိုရင် ကားကြုံ တင်ခေါ်သွားဖို့ သူ ဝန်မလေးပါဘူး ။

ရွှန်းရတီမွန်းရဲ့ ဒူးအထိဘဲ ဖုံးနေတဲ့ စကပ်အပြာလေးအောက်က ခြေထောက် ဖြူဖြူလေးတွေကို သူ တွေ့နေရသည် ။ အသား တော်တော်ဖြူတာဘဲ ။

“ ရွှန်းရတီက ဘာလူမျိုးလဲဟင်…”

“ ရှင်…”

သူ့ဖက်ကို လှည့်ကြည့်သည် ။

“ အသား အရမ်းဖြူလို့.. ဘာလူမျိုးလဲလို့ မေးတာ..”

“ အဖေ မြန်မာ.. အမေ ရှမ်းပါ ….. ဆရာ …”

နှုတ်ခမ်းလေးတွေကလည်း ဆေးမဆိုးထားဘဲ ရဲနေသည် ။ ကျော်စိန်ဘရဲ့ စိတ်တွေ ဒီကလေးမလေးကို မေတ္တာသက်ဝင်ချင်လာပြီ ။

ဟိုးတုန်းက ခင်နှင်းဆီနဲ့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်မြင်ယောင်လာပြန်သည် ။ ခင်နှင်းဆီကို သူ့အဒေါ် နေမကောင်းဖြစ်နေတဲ့အချိန်မှာ သူ အခွင့်ကောင်းယူပြီး ဈေးကို နေ့တိုင်းလိုက်ပို့သည် ။ ပစ္စည်းတွေ ဝိုင်းသယ်ပေးသည် ။ စိတ်သဘောကောင်းတဲ့လူလို့ ခင်နှင်းဆီက ထင်မြင်လာသည် ။ အဲလို ထင်မြင်ပြီး သူ့အပေါ် ယုံကြည်မှု ရှိလာအောင် သူကလည်း လုပ်ပြနေတာဘဲလေ ။

ခင်နှင်းဆီနဲ့ ရင်းနှီးခင်မင်ခွင့် ရခဲ့သည် ။ အဒေါ်နေပြန်ကောင်းလာလို့ ဈေးသွားတာ အဒေါ် သွားနေပြီ ဆိုတော့ သူ့ရဲ့ဂွင်ကို ပြောင်းလိုက်သည် ။ အဒေါ်က သူ ဈေးသွားနေတဲ့ အချိန်မှာ ခင်နှင်းဆီကို အိမ်မှာ လှီးချွတ်စရာတွေ ပြင်ဆင်စရာတွေ ပြင်ဆင်ခိုင်းထားသည် ။ ချက်စရာတွေ ကြို ချက်ခိုင်းထားသည် ။ အိမ်မှာ တစ်ယောက်ထဲ ကျန်နေတဲ့ ခင်နှင်းဆီကို သူ သွားတွေ့သည် ။ စကားပြောသည် ။ ခင်နှင်းဆီက အဒေါ်သိသွားရင် မကောင်းဘူးအစ်ကို.. ခင်နှင်းဆီကို ဆူလိမ့်မယ် လို့ ပြောပေမယ့် သူ့ကိုတော့ မနှင်ဘူး ။ သဘောကောင်းတဲ့ ကောင်မလေးလေ ။

သူလည်း တစ်လုံးသွင်း.. နှစ်လုံးသွင်းနဲ့ နောက်တော့ တပြုံလုံး သွင်းတော့တာဘဲ ။ ခင်နှင်းဆီကို ချစ်စကားပြောတော့

“ မဖြစ်နိုင်ပါဘူး.. အစ်ကိုက သူဌေးသား…။ ခင်နှင်းဆီက လက်လုပ်လက်စား ဆင်းရဲသားပါ…”

လို့ ပြောပြီး ငြင်းတဲ့ ခင်နှင်းဆီတစ်ယောက် သူ့ကို ပြန်ချစ်လာအောင် နောက်ထပ် ပညာခန်းတွေနဲ့ သူ ထပ်သိမ်းသွင်းရပြန်သည် ။ မလျှော့သော ဇွဲလုံ့လနဲ့ ကြိုးစားတဲ့အတွက် သူ ဇွဲဆုကို နောက်ဆုံး ရသည် ။ ခင်နှင်းဆီရဲ့ ချစ်ပါတယ် ဆိုတဲ့ အဖြေစကားကို သူ ကြားရသည် ။ ချစ်သူတွေ ဖြစ်သွားကြသည် ။

ကျော်စိန်ဘသည် ချစ်သူရဲ့အလှအပတွေကို ထိုင်ငေးကြည့်ပြီး ချစ်သူကို မေတ္တာသန့်သန့်လေးနဲ့ မင်္ဂလာဦးညအထိ စောင့်မယ့် လူစားမျိုး မဟုတ်တော့ ခင်နှင်းဆီကို သူ့ဒေါ်လေး တောကိုသွားနေတုန်းမှာ အတင်းကြံစည်တော့သည်

ခင်နှင်းဆီလည်း ကျော်စိန်ဘကို ချစ်သွားတာက တကြောင်း နဂိုထဲက သဘောကောင်း အားနာတတ်သူ ဖြစ်တာက တကြောင်းကြောင့် ကျော်စိန်ဘရဲ့ အလိုကို လိုက်မိလိုက်သည် ။ ကျော်စိန်ဘလည်း အထီး ဆိုလို့က ယင်ဖိုတောင် မသန်းဖူးသေးပါ ဆိုတဲ့ ချောလှတောင့်တင်းတဲ့ ခင်နှင်းဆီရဲ့ ပထမဆုံး ပန်းဦးပန်းဖူးလေးကို သုံးဆောင်လိုက်ရသည် ။ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန် ဆိုသလို တစ်ခါ ဖြစ်ဖူးသွားတော့ နောက်တစ်ခါ ထပ်ဖြစ်ဖို့က မခဲယဉ်းတော့ ။

ကျော်စိန်ဘသည် လစ်ရင် လစ်သလို ခင်နှင်းဆီကို ဝင်ဝင်ကစ်တော့သည် ။ ခင်နှင်းဆီကလည်း သူ့ကို အလိုလိုက် အကြိုက်ဆောင်ပေးသည် ။ သောက်လေ သောက်လေ ငတ်မပြေတဲ့ ဆားငံရည်ကို ကြိမ်ဖန်များစွာ သူတို့ သောက်သုံးဖြစ်နေတော့ တစ်နေ့သောအခါမှာ ခင်နှင်းဆီမှာ ခိုးစားထားတဲ့ ခြေရာလက်ရာတွေက မဖုံးနိုင် မဖိနိုင်ဘဲ ဘွားဘွားကြီး ပေါ်လာတော့သည် ။

ဒီအချိန်မှာ စားတုန်းက တအားစားခဲ့တဲ့ ကျော်စိန်ဘသည် မျက်ပြူးဆန်ပြာ ဖြစ်လာသည် ။ သူ့ဘကြီးက အမေရိကန်ကနေ ခေါ်လိုက်လို့ တစ်လလောက် သွားရမည်.. ပြန်လာတာနဲ့ ခင်နှင်းဆီကို တောင်းရမ်းလက်ထပ်မည် ဘာညာ သာရကာတွေ ပြောပြီး လစ်သွားသည် ။

သူ့ဂတိအတိုင်း သူ အမေရိကန်ကနေ ပြန်မလာ ။ ခင်နှင်းဆီလည်း ကိုယ်လေးလက်ဝန်ကြီးနဲ့ အဖေမပေါ်လို့ အရှက်တွေ ဟက်တက်ကွဲသည် ။ လူတကာရဲ့ ကဲ့ရဲ့တာကို ခါးစည်းခံရသည် ။ အဒေါ်အိမ်ကနေ ထွက်ပြေးသွားသည် ။ ခင်နှင်းဆီ ဘယ်ရောက်လို့ ရောက်မှန်း ကျော်စိန်ဘ မသိ ။ သူ ဂရုလည်း မစိုက်။

တစ်နှစ်ကျော်ကြာတော့ သူ ပြန်လာသည် ။ ခင်နှင်းဆီနေခဲ့တဲ့ အဒေါ်အိမ်ကို သူ သွားမေးသည် ။ ခင်နှင်းဆီ မရှိတော့ဘူး ဆိုတာကိုဘဲ သူ သိရသည် ။ ကြာတော့လည်း ကျော်စိန်ဘ တခါတခါမှဘဲ ခင်နှင်းဆီကို သတိရသည် ။ မိန်းမချောလေးတွေကို မြင်ရင် သူ လိုက်ဖန်သည် ။ ကြံစည်သည် ။ ရရင် လုပ်သည် ။ ဘယ်တော့မှတော့ သူ အတည်မကြံ ။ လက်မထပ် ။ တာဝန်ယူဖို့သူ မစဉ်းစား ။ လူလည်ကြီး သားသမီး လုပ်နေသည် ။

ခင်နှင်းဆီကို သူ သတိရတာက ခင်နှင်းဆီနဲ့ ချစ်သူ ဘ၀ ခိုးစားကြတဲ့ အချိန်တုန်းက ရင်သိမ့်တုန်ခဲ့တဲ့ အဖြစ်အပျက်လေးတွေကို အဓိကဘဲ ။ သူနဲ့ရတဲ့ ကိုယ်ဝန်အကြောင်းကို သူ ထည့်မတွက် ။ မစဉ်းစား။

ရွှန်းရတီမွန်းက ရန်ကင်းမှာ ဆင်းသွားသည် ။ သူက သူနဲ့ နေ့တိုင်း လမ်းကြုံလိုက်နိုင်တယ် လို့ ပြောလိုက်သည် ။

အိမ်ပြန်ရောက်တော့ သူမှာထားတဲ့အတိုင်း ထွေးထွေးရီက အဆင်သင့် စောင့်နေသည် ။ ထွေးထွေးရီကို ကုန်တိုက်ကို ခေါ်သွားပြီး အဝတ်အစားတွေ သူ လိုက်ဝယ်ပေးသည် ။ သဘောကောင်းတဲ့ လူတစ်ယောက်လို သူ ဟန်ဆောင်ပြန်ပြီ ။

ကျော်စိန်ဘသည် ထွေးထွေးရီကို အဝတ်အစားတွေ အများကြီး ဝယ်ပေးသည် ။ ဒါတင် မကသေး ။ အနားက ဆံပင်အလှဆိုင်ကို ပို့ပေးသည် ။ ထွေးထွေးရီလည်း ကျော်စိန်ဘက ဒီလို ဂရုစိုက်မည်လို့ မျှော်လင့်ထားပုံ မပေါ်ဘူး ။ အိမ်အပြန်မှာ သဘာ၀ ဆိုတဲ့ ထိုင်းအစားအစာ ကြော်လှော်ရောင်းတဲ့ ဆိုင်လေးမှာ ထမင်းကျွေးသည် ။

“ အစ်ကိုကြီး.. ထွေးရီ အိမ်မှာ ဝက်သားဟင်းတွေ ချက်ထားတယ်….။ အလကား ဖြစ်သွားလိမ့်မယ်….။ အိမ်မှာ မစားဘူးလား”

လို့ ပြောပေမယ့်..

“ အလကား မဖြစ်ဘူး..။ နောက်နေ့ စားလို့ရတယ်…။ အခု ဒီမှာဘဲ စားကြရအောင်….”

လို့ ပြောပြီး ထွေးထွေးရီနဲ့ ဟင်းမျိုးစုံ မှာပြီး စားသည် ။

အိမ်ပြန်ရောက်တော့ ကျော်စိန်ဘ ထမင်းဝလို့ လီးက တောင်ပြီ ။ ရေဝင်ချိုးနေတဲ့အချိန် သူ့လီးကြီးက မတ်မတ်တောင်ပြီး ထကြွနေသည် ။ အင်း…. ထွေးထွေးရီနဲ့ နှစ်ယောက်ထဲ တတွဲတွဲ သွားလာစားသောက်ခဲ့တာတင် မကဘူး.. အိမ်ပြန်ရောက်တော့ ထွေးထွေးရီက ဝယ်လာတဲ့ အဝတ်အစားတွေကို ဝတ်ပြီး လာပြတဲ့အခါ ကိုယ်ဟန်ပြမယ်လေးလို ကိုယ်ကို တစ်ပတ်လှည့်ပြီး ပြတော့ ထွေးထွေးရီရဲ့ တင်ပါးလှလှကြီးတွေကို အနီးကပ် ရှုစားရတာက ကျော်စိန်ဘရဲ့ စိတ်တွေကို ထကြွစေခဲ့သည် ။

စာကြည့်စားပွဲမှာ ကွန်ပြူတာရှေ့ ထိုင်ရင်း အလုပ်နဲ့ ပတ်သက်တဲ့ အီးမေးလ်တွေ စစ်နေတဲ့အချိန်လည်း ထွေးထွေးရီရဲ့ ဆူဖြိုးကော့တင်းတဲ့ နို့လုံးကြီးတွေကိုဘဲ မြင်ယောင်နေမိပြီး ပေါင်ကြားက လီးကလည်း မာလွန်း တောင်လွန်းနေလို့ အခက်တွေ့နေသည် ။ ထွေးထွေးရီကို အခု သွားကြံလိုက်ရင် သိပ်များစောနေမလားလို့ တွေးပြီး စိတ်ကို ထိန်းချုပ်နေတာ ဖြစ်သည် ။ အိမ်နေရင်းဝတ် ပလေကပ် ပုဆိုးပါးပါးပျော့ပျော့အောက်ထဲက လီးက ထိုးထောင်ထနေတာကို လက်နဲ့ အသာပွတ်နေတဲ့အချိန်

“ အစ်ကိုကြီး…. အကြမ်းလေး သောက်လိုက်ပါလား….။ ကောက်ညှင်းမွှေး လဖက်ခြောက်လေး ခပ်ထားတာ.. မွှေးနေတာဘဲ….”

လို့ ပြောရင်း သူ့အခန်းပေါက်ဝမှာ ထွေးထွေးရီ ရောက်လာသည် ။ လက်ထဲမှာလည်း အငွေ့တထောင်းထောင်း နဲ့ မတ်ခွက်တစ်ခွက် ကိုင်လို့ ။

“ အင်း..အင်း..ကောင်းသားဘဲ….”

လို့ သူပြောသည် ။ စိတ်တွေကတော့ ကတုန်ကရင် နဲ့ ။ စိတ်ထနေတဲ့အချိန်မှာ စွင့်ကားလုံးထယ်နေတဲ့ တင်ပါးကြီးတွေ တရမ်းရမ်းနဲ့ ထွေးထွေးရီ လာပြန်ပြီ ။ ဒီ တင်ပါးကြီးတွေကို တအား ဆုပ်ကိုင်လိုက်ချင်မိသည် ။

“ ထွေးထွေးရီ…..”

“ ရှင်..အစ်ကိုကြီး….”

“ ငါ တစ်ခု စဉ်းစားနေတယ်…..”

“ ဟုတ်..ဘာလဲးဟင်..အစ်ကိုကြီး…..”

“ ငါနဲ့ နင်နဲ့ အခုလို တစ်အိမ်ထဲမှာ နှစ်ယောက်ထဲ နေလို့ ကောင်းပါ့မလားလို့…”

“ ရှင် …”

“ အေးဟာ… နင်ကတော့ ဘယ်လိုနေလဲ မသိဘူး..။ ငါကတော့ နင်နဲ့ အခုလို နီးနီးစပ်စပ် နေတဲ့အခါ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်လာတယ်ဟ…..”

ထွေးထွေးရီက သူ့ကို မကြည့်ဘဲ ခေါင်းငုံ့ထားသည် ။ ကြမ်းပြင်ကိုဘဲ ကြည့်နေတဲ့ပုံ ။

“ ငါ့ရင်ထဲ ဘာဖြစ်နေလဲ သိလား ထွေးထွေးရီ….”

“ မသိဘူး အစ်ကိုကြီး…..။ အစ်ကိုကြီး ပြောပြမှ ထွေးရီက သိမှာပေါ့လို့….”

ထွေးထွေးရီက မတ်ခွက်ကို စားပွဲပေါ် တင်လိုက်ရင်း ပြောသည် ။

“ အေး.. နင့်ကို ကြည့်ကြည့်ပြီး ငါ့စိတ်တွေ တအား ဖောက်ပြန်နေတယ်.. ထွေးထွေးရီ …။ ကဲ နင်သွားတော့ သွားတော့.. နင့်အခန်း နင်ပြန်တော့…။ ကြာရင် ခက်ကုန်မယ် . . . . ”

“ ဟုတ် အစ်ကိုကြီး….”

လို့ ထွေးထွေးရီ ပြောပြီး သူ့အခန်းထဲက ခပ်မြန်မြန် ပြေးထွက်သွားသည် ။ ခါးသေးသေးလေးရဲ့ အောက်က ဝိုင်းကားတဲ့ ဖင်တုံးကြီးတွေ တုန်ခါလှုပ်သွားနေတာတွေကို ကျော်စိန်ဘ မျက်လုံးပြူးကြီးတွေနဲ့ စိုက်ကြည့်ရင်း အနောက်ကနေ ပြေးလိုက်သွားချင်စိတ် ပေါက်သွားသည် ။ အိပ်ရာထဲမှာ လီးကြီး တောင်ရင်း ထွေးထွေးရီဆီကို သွားလိုက်ရမလား… အကြိမ်ကြိမ် စဉ်းစားနေမိသည် ။ အင်း… မဖြစ်သေးပါဘူး … စောသေးတယ်လို့ တွေးမိပြီး လီးကို ပွတ်တိုက်ရင်း ဆက်အိပ်နေမိသည် ။

အပိုင်း (၃) ဆက်လက်ဖတ်ရှု့ရန် နှိပ်ပါ >> မုဆိုးလား သားကောင်လား (အပိုင်း ၃ )

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top